၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (၃၁) ရက်

• ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၊ တလတာ အတွင်း နိုင်ငံတဝန်း စစ်ကောင်စီလက်အောက်ခံတပ်များနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပေါင်း ( ၂၆၀ ) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဇန်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၇၉) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။

• ကချင်ပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး အဆိုပါဒေသများ၌ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများကို အများဆုံးလုပ်ဆောင်ခဲ့သည်။

• ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၊ တလတာ အတွင်း နိုင်ငံတဝန်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုပေါင်း ( ၆၅ ) ကြိမ်ထက်မနည်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှု (၁၁) ကြိမ် ထက်မနည်း လုပ်ဆောင်ခဲ့သည်။

• စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၌ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးများအသုံးပြုတိုက်ခိုက်ခြင်းများလည်း ပါဝင်သည်။

• ဇန်နဝါရီလအတွင်း နိုင်ငံတဝန်း မြို့ရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှု (၁၈) ကြိမ်ထက်မနည်းရှိခဲ့သည်။

တိုက်ပွဲပုံသဏ္ဍန်များ

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှု – ၂၇ ကြိမ်
စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှု – ၃၄ ကြိမ်
စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထိတွေ့တိုက်ခိုက်မှု – ၁၁ ကြိမ်
ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်မှု – ၁၄ ကြိမ်
ဗုံးခွဲတိုက်ခိုက်မှု – ၁ ကြိမ်
မြိုပြပျောက်ကျားတိုက်ခိုက်မှု – ၃ ကြိမ်
မြေပြင်/လေကြောင်းတိုက်ခိုက်မှု – ၁၃၅ ကြိမ်
မိုင်းဆွဲတိုက်ခိုက်မှု – ၉ ကြိမ်
လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှု – ၁၁ ကြိမ်
အခြား – ၂၃ ကြိမ်

• တလ တာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား (၄၄၄ ) ဦး ထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၂၃ ) ဦးထက်မနည်း သေဆုံးခဲ့သည်။
• တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ( ၁၂၅) ဦးထက်မနည်းကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိခဲ့သည်။
• စစ်ကောင်စီတပ်စခန်း (၁၉) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် မံစီမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
• ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ တိုင်းတို့၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
• ရခိုင်ပြည်နှင့်ပဲခူးတိုင်း အစပ် ပန်းတောင်းမြို့နယ် ၊တောင်ပုံကြီး စစ်တပ်စခန်းအား ရက္ခိုင်တပ်တော်(အေအေ) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
• ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို အပြင်းအထန်ဖေါ်ဆောင်နေပြီး ဗန်းမော်မြို့ရှိ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်း အပါအဝင် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်လာနိုင်သည်။
• စစ်ကိုင်းတိုင်းအတွင်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ၏ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်း၊စစ်ကောင်စီတပ်စခန်းများကို စီးနင်းပစ်ခတ်ခြင်း စသည့် တိုက်ပွဲဖေါ်ဆောင်မှုများကို တွေ့ရှိရသည်။
• ရခိုင်ပြည်နယ် ဂွ မြို့ နှင့် ထိစပ်နေသည့် ဧရာ၀တီတိုင်းဘက်အခြမ်းတွင်လည်း AA နှင့် မဟာမိတ်များ၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
• ကချင်ပြည်နယ်တွင် KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲများဖေါ်ဆောင်လျက်ရှိသည်။

အရပ်သားထိခိုက်မှုများ
• ဇန်နဝါရီလ တလတာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု (၆၅) ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။
• အရပ်သားပြည်သူထိခိုက်သေဆုံးမှု အနေဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၁ ) ဦး၊ ပစ်ခတ်သတ်ဖြတ်မှုကြောင့် (၃) ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂) ဦး ရှိခဲ့သည်။
• ဇန်နဝါရီလ တလတာအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံအဖွဲ့များကြောင့် အရပ်သားပြည်သူ (၁၅၄) ဦးထက်မနည်း သေဆုံးခဲ့ရပြီး (၁၇၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
• ဇန်နဝါရီလ (၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၀) ကျော်သေဆုံးခဲ့ရသည်။
• ဇန်နဝါရီလ တလတာအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပြည်သူနေအိမ်အလုံးပေါင်း ( ၄၃၇) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
• ဇန်နဝါရီလအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများအပါအဝင်၊ လေကြောင်းတိုက်ခိုက်မှု နှင့် နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားပြည်သူ (၃၂၉၀၀) ထက်မနည်း နေရပ်စွန့်ခွါထွက်ပြေးခဲ့ရသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်